နှလုံးသားရွက်ကြွေကောက် ရင်တွင်းပေါက် ကဗျာသံစဉ်များ

သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Saturday, December 1, 2012

သမုဒိနွေ


ဖျက်ကတည်း

ရင်ထဲစူးနစ်၊ဆူးသင့်အသဲ

နှလုံးကွဲကြေ၊တဒင်္ဂနွေ

ဘယ်သူစေလဲ၊ရင်ကွဲအော်ဟစ်

အလွမ်းဖြစ်တည်၊ဝေးခဲ့သည်ပဲ....။

 

နင့်ကတည်း

ဆင့်ကဲရစ်ချည်၊ဖြစ်တည်ယှဉ်တွဲ

ကြေကွဲဘ၀၊ထာဝရနွေ

ဘယ်သူစေလဲ၊ရင်ကွဲအော်ဟစ်

မျက်ရည်ဖြစ်တည်၊စီးခဲ့သည်ပဲ.....။

 

သံစာဟစ်ကြွေး၊နွေ၏တေးရှင်

မမြင်ကွယ်ရာ၊ခင်တွယ်ရာရိပ်

နားခိုအိပ်စဉ်၊သည်လွင်ပြင်၌

မောလျဟိုက်ပမ်း၊နွေစခန်းကို

ရင်ကျွမ်းတည်ဆောက်၊ခိုဝင်ရောက်မိ

ပကတိနွေ၊ရွက်ခြောက်စေသို့

လွမ်းသည့်မျက်ရေ(ရည်)၊ဝေဒနာစေသည်

ဝေးကွာလေသည့်နေ့ရက်တိုင်း......။          

No comments:

Post a Comment