နှလုံးသားရွက်ကြွေကောက် ရင်တွင်းပေါက် ကဗျာသံစဉ်များ

သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Saturday, December 1, 2012

စည်း

အနေခက်
ရေစက်ကုန်ဖန်၍လား - ? ။

ရှင်လျှက်တကွဲစီနေ
ကြင်ဘတ်တွေမဆုံလေသည့် ဘဝ
အတိပ်ကအကုသိုလ်
"ခြား"ခုလိုဝေးစေသည်ပဲလား - ? ။

ကြမ္မာတရားစည်းခြားမျှော်
ခရီးသွားဖော် ပေစ္စက္ခ
"သူမှသူ"ဆိုသည့် ဒီအစွဲ
ဝဋ်ကြွေးပဲလား - ? ။

တကယ်အနေခက်
ဆုံမှတ်နဲ့အလှမ်းဝေး
ပုံအပ်ခဲ့ဘ၀ပေးကုသိုလ်
ခုလိုသာအကျိုးပေးမည်ဆိုလျှင်ပေါ့
နေပါစေတော့ကွယ်.......
အဖော်မက်တဲ့ကိုယ့်ကိုယ်ကို
အပြစ်ဆိုလို့ နွမ်းချိ
လွမ်းမိသမျှအကြောင်း
စည်းတစ်ကြောင်းပဲထားတော့မယ်....။

No comments:

Post a Comment