နှလုံးသားရွက်ကြွေကောက် ရင်တွင်းပေါက် ကဗျာသံစဉ်များ

သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Saturday, December 1, 2012

သိက္ခာမဲ့လိပ်ပြာ

ကာလပေါ်အပျိုမ

တွေးဆလို့မဆင်ခြင်။

 

ဝတ်စားပုံလော်မာလို့

မတော်ရာဖော်ကာပြပါမှ

လှတယ်လို့ထင်။

 

ရိုးရာကိုချိုးကာဖျက်ပါလို့

အရှက်ကိုလေလံတင်

မမြင်ချင်အဆုံး။

 

အပျက်ကြာ အရှက်ကွာကြလျှင်ဖြင့်

တစ်သက်တာ ဆက်ခါမှားလိမ့်မယ်

တားကြပါဦး......။

No comments:

Post a Comment