နှလုံးသားရွက်ကြွေကောက် ရင်တွင်းပေါက် ကဗျာသံစဉ်များ

သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Tuesday, December 4, 2012

အလွမ်းပေါက်ပင်

လရှိပေမယ့်
မင်းမရှိလို့မပျော်ဘူး ခင်။
အလွမ်းရဲ့ရင်ပြင်
မင်းကိုပင်မြင်...မြင်နေမိ
တမ်းတလိုက်သည့်ဖြစ်ခြင်း
ရင်ထဲမှာပန်းခင်းကိုဖြစ်လို့၊
လွမ်းလိုဝေတဲ့မျက်ရည်
ချောင်းဘယ်စီမသိ
နှလုံးသားကိုချည်းကလိကလိသွားတယ်။

ရင်ထဲကိုဝင်ကြည့်စမ်းပါ ခင်
အလွမ်းကြောင့်ရှင်တဲ့အပင်တွေ
နှလုံးမြေမှာရှင်သန်
အဆွေးတို့ နင်းကန်ပျော်နေရဲ့၊
ခင်သိမလား.......?
ဝေးသွားကတည်းက
မေ့ထားတဲ့နေ့ တစ်နေ့မှမရှိဘူး။

အကြင်နာဦးမို့ပါ ခင်
ရင်မှာလဲရူးအောင်ချစ်ခဲ့ရဲ့
မမြင်တဲ့နေ့တွေ
ခင်လည်းလေ လွမ်းနေမလား
အတွေးစိတ်ပွားလျှက် အလွမ်းဖြေ
ရွက်ထိရှကြွေ ဝေတဲ့ပန်း
လွမ်းလျှက်ပွင့်လန်း....။


No comments:

Post a Comment