တနင့်တပိုးပါပဲ
အငြှိုးတေးဖွဲ့ ဝေဒနာ
သံစဉ်ညီစွာ ရင်ပြိုတေးကိုဆိုလို့
ကကွက်တစ်ချို့တောင် မှားခဲ့တယ်။
ဝေးလွင့်နှစ်တွေရဲ့ကြား
မိုးမလင်းပဲသိမ်းခဲ့ရတဲ့ ဇာတ်များစွာ
ကိုယ်ပိုင်ဝေဒနားနဲ့ ဇာတ်ညွှန်းဖွဲ့
ရှင်းပြခွင့်တောင်မဲ့ခဲ့ရဘူးတယ်လေ။
မသေချာတဲ့အနာဂါတ်
မျက်မြင်မဟုတ်သော တွေးဆချက်တွေနဲ့ပဲ
ကိုယ့်ကကြိုးကိုပီပြင်ဖို့ စည်းညှိနေရတယ်။
ငြီးညူရုံနဲ့မှ မသက်သာပဲ
ခပ်ခွါခွါနဲ့ပဲ ကိုယ့်လိုက်ကာကိုယ်စွဲ
ကိုယ့်ဇာတ်ခေါင်းမကွဲဖို့ ကိုယ်အားထုပ်
နောက်ပိုင်းမဟုတ်တဲ့ လွမ်းခြင်း
ရင်ကြိုးညှိုရင်း ဖျော်ဖြေခဲ့ရ။
အပြီးသက်ကျ ဘယ်လိုရှိမယ်မသိ
လက်ရှိအခြေနေထက်ကောင်းမွန်းတာ
မပြင်နိုင်သေးတာ ကိုယ့်ဝန်ပေါ့။
ဒါပေမယ့်......
အလွမ်းကတော့ ရင်ထဲ
အံကိုခဲ ကနေရဲ့။
အငြှိုးတေးဖွဲ့ ဝေဒနာ
သံစဉ်ညီစွာ ရင်ပြိုတေးကိုဆိုလို့
ကကွက်တစ်ချို့တောင် မှားခဲ့တယ်။
ဝေးလွင့်နှစ်တွေရဲ့ကြား
မိုးမလင်းပဲသိမ်းခဲ့ရတဲ့ ဇာတ်များစွာ
ကိုယ်ပိုင်ဝေဒနားနဲ့ ဇာတ်ညွှန်းဖွဲ့
ရှင်းပြခွင့်တောင်မဲ့ခဲ့ရဘူးတယ်လေ။
မသေချာတဲ့အနာဂါတ်
မျက်မြင်မဟုတ်သော တွေးဆချက်တွေနဲ့ပဲ
ကိုယ့်ကကြိုးကိုပီပြင်ဖို့ စည်းညှိနေရတယ်။
ငြီးညူရုံနဲ့မှ မသက်သာပဲ
ခပ်ခွါခွါနဲ့ပဲ ကိုယ့်လိုက်ကာကိုယ်စွဲ
ကိုယ့်ဇာတ်ခေါင်းမကွဲဖို့ ကိုယ်အားထုပ်
နောက်ပိုင်းမဟုတ်တဲ့ လွမ်းခြင်း
ရင်ကြိုးညှိုရင်း ဖျော်ဖြေခဲ့ရ။
အပြီးသက်ကျ ဘယ်လိုရှိမယ်မသိ
လက်ရှိအခြေနေထက်ကောင်းမွန်းတာ
မပြင်နိုင်သေးတာ ကိုယ့်ဝန်ပေါ့။
ဒါပေမယ့်......
အလွမ်းကတော့ ရင်ထဲ
အံကိုခဲ ကနေရဲ့။
No comments:
Post a Comment