နှလုံးသားရွက်ကြွေကောက် ရင်တွင်းပေါက် ကဗျာသံစဉ်များ

သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Sunday, December 2, 2012

လွမ်းနေတဲ့တိမ်နှင့်လွဲနေတဲ့အိပ်မက်

တဖြေးဖြေးနီးကပ်လာ
ကုန်ဆုံးဖို့နေ့ရက်များ။
ညှို့မဲအုံ့ဆိုင်းခွင့်မရှိတဲ့ရာသီထဲ
အဖြူရောင်နဲ့ပဲနေခဲ့ရ၊
မျှော်လင့်သမျှစိုစွတ်ခြင်း
ကျဲကျဲပြန့်ပြန့်မိုးမင်းကို မတွေ့ရ
ခြောက်သွေ့တဲ့လမ်းမနဲ့ ရာသီထဲ
တိမ်ညိုလည်း`လွမ်း`နေတယ်။
`လ`မမဲ့ပေမယ့်
ညရဲ့အလယ်မှအိပ်စက်ခြင်း
မိုးလင်းမှပျော်တက်လွန်းလို့
အဖော်မက်သူအဖို့
မျှော်တဲ့အိပ်မက်ကိုမရ
မပျော်တဲ့အိပ်စက်ခြင်းတွေနဲ့ပဲ
ဖတ်ဖတ်ပြီးသတ်နေရတယ်။
တကယ်ပါ......
အထီးကျန်ဆန်လှတဲ့ရာသီခွင်
ယာယီပင်ဖြစ်လင့်ကစား
ကျေနပ်မှုအားတော့ နည်းသားကွယ်......။

No comments:

Post a Comment