စိတ္တဇည
မတွေးပေမယ့်
ရှိနေဆဲလေ
ရင်ထဲစူးစိုက်
သံမိုရိုက်သို့......။
မမြင်ပေမယ့်
ကြည့်နေဆဲလေ
ပြဒါးမှန်ရွက်
ကြေးမှုန်ချပ်သို့....။
မကြားပေမယ့်
နားစွန့်ဆဲလေ
တန်ပြန်ရိုက်ခက်
ပဲ့တင်ထပ်သို့.....။
သူ့အသွင်သူ့စကား
ကြောင်းရာများစွာ
တွေ့,ထင်,မြင်,ကြား
ရှိလို့ငြားပေါ့
စိတ်ယောင်ခြောက်ခြား
ဟို,ဒီနားရှာ
`ရင်စွဲနာ`ကြွမ်း
နှလုံးသားပမ်းလျှ အလွမ်းည
တမ်းတသမျှရယ်မပြေဘူး ။
No comments:
Post a Comment