လွဲချော်နေဆဲနေ့စွဲများ
ငယ်ကတည်းက
ပြင်းပြတဲ့ဆန္ဒတို့နဲ့လွဲ
မျှောလင့်ချက်နဲ့ ခွဲခဲ့ရတယ်။
နေချင်တဲ့ဘ၀ꨲရောက်နေတဲ့အခြေနေ
ခံစားမှုတွေအားလုံးလဲပြို
ထားသလိုမဖြစ်ခဲ့တဲ့နေ့စွဲများ
နှလုံးသားလည်းနာဖျားခဲ့ရ။
ဝေးနေတဲ့ဘ၀ꨲမဆုံသေးတဲံအခြေနေ
ပြည့်စုံမှုတွေကိုပဲစုစည်းရင်း
ဖြေးဖြေးချင်းချဉ်းကပ်နေတာတောင်
တစ်ခါတစ်ခါ မိုးမှောင်ကျကျလာတယ်။
ဝေးအောင်ဖန်တီးတဲ့ကံကြမ္မာကိုပဲ
အပြစ်တင်ရမလား...?
လွဲဖို့ဖန်လာတဲ့ဘ၀ကိုပဲ
ရင်နာရမလား....?
မမျှတတဲ့လောကဓံကြားမှာနစ်မြုတ်
(ကိုယ့်ကိုယ်ကိုတောင်)
သရုပ်ဘယ်လိုခွဲရမှန်းမသိဘူး။
ရုန်းကန်ဘူးတဲ့အားအင်တို့ မနည်းပါပဲ
အကြိမ်ကြိမ်မျှော်လင့်ချက်နဲ့လွဲခဲ့ရတဲ့
အဆုံးသက်မှု
ဒါဟာ....ဘ၀တစ်ခုဆိုရင်ပေါ့
တကယ်ပါပဲ......
ကျနော့်ပေစ္စက္ခထဲကိုကျနော်
အမုန်းတရားတွေခေါ်လာမိမယ်ထင်တယ်.....။
No comments:
Post a Comment