ကြေကွဲဆန္ဒ
ဘယ်သူကူမလဲ...?
ရင်ထဲကအပူကိုမျှချင်ရဲ့။
ကြင်ခွင့်မဲ့ဘဝ
ရေမဲ့အိုင်ထဲကငါးနှယ်
ကူကယ်ရာကိုမျှော်ရင်းနွမ်းချိ
အလွမ်းမှိုင်းမိနေတဲ့နှလုံးသား
ပြုံးထားတာတောင်ကျောမလုံချင်ဘူး။
ရင်ခွင်ဦးမို့ပါ
ရူးမတက်ဆိုတာထက်ပိုတယ်လေ၊
ဝေဒနာတွေပြောပါတယ်
ရင်တစ်ခုလုံးမွှေနှောက်
အိပ်ရေးတွေလည်းတောက်လျှောက်ပျက်ခဲ့ရ။
လွမ်းမိသမျှမျက်နှာမူရာအရပ်တိုင်း
အတွေးကသိုင်းကသူမကိုချည်းဖမ်းဆုပ်
ရင်ကိုစွဲလှုပ်ခြင်းခံခဲ့ရ။
ကြွေကျခဲ့ရတဲ့မျက်ရည်တွေ
ပန်းဖြစ်စေရည်ညွှန်းရဲ့၊
အပူတစ်ခုနဲ့သူလွဲရင်ပဲ
(...တကယ်ပါ....)
ကျနော် ရင်ကွဲသမျှကျေနပ်တယ်...။
No comments:
Post a Comment