ဇာတ်သိမ်းခန်း
ဟန်ဆောင်နေရတယ်
လွမ်းနေတာတောင်ဖွင့်အံမပြ၀ံ့ဘူး။
ရင်ထဲမှာပေါ့ဆူးနှယ်စိုက်ဝင်
ဝေဒနာကနင်းတိုင်းကျွံတဲ့နွံလို
ရင်တစ်ခုလုံးကိုပြည့်နှပ်
မြင်နေလျှက်အပြောခက်တဲ့ခံစားမှု
ဘယ်သူအံတုနိုင်မှာလဲ....?။
နှလုံးသားတစ်ခုလုံးဗလောင်းစူ
ကြိမ်မီးနှယ်ပူလွန်းသည့်ဒဏ်ရာများ
အချစ်ရယ်.....ဘယ်လိုကုစားရပါ့။
မင်းသိနိုင်မလား
မြင်နေလျှက်ကြင်ခွင့်မဲ့ဝေဒနာ
ရင်စေရာ`အလွမ်`ကိုသိမ်းထုပ်
မချစ်လို့တော့မဟုတ်ဘူး
ချစ်လွန်းလို့နှုတ်ဆက်နောက်ဆုတ်
မင်းအတွက်ဝန်ထုပ်မဖြစ်အောင် ငါနေ
အလွမ်းတွေနဲ့ပါပဲ ချစ်သူ
ရင်ထဲမှာပူသမျှ
မငုမိအောင်ကျိုးစားနေရတယ်.....။
No comments:
Post a Comment