နှလုံးသားရွက်ကြွေကောက် ရင်တွင်းပေါက် ကဗျာသံစဉ်များ

သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Tuesday, December 4, 2012

သင်းကွဲတစ်ကောင်၏ အတ္ထုပ္ပတ္တိ

တစ်ခါတုန်းက ချစ်သူ့အနား
တပ်မှုးလေးအလား
ခစားဘူးတယ်။

တစ်ခါတုန်းက ချစ်သူ့စကား
ပုတ်သင်အလား
ခေါင်းငြိတ်ဘူးတယ်။

တစ်ခါတုန်းက ချစ်သူ့ပါး
ပန်းစံပယ်အလား
နမ်းဘူးတယ်။

တစ်ခါတုန်းက ချစ်သူ့ဆံစ
ထိကရုံးနှယ်
ယုယကြည်ဆယ်ဘူးတယ်။

တစ်ခါတုန်းက ချစ်သူ့အသံ
ကရ၀ိတ်သံနှယ်ချိုမြ
ရင်ခုန်ခဲ့ရဘူးတယ်။

တစ်ခါတုန်းက ချစ်သူ့အပြုံး
`မိုနာလီဇာ`ရှုံးမယ်
ထင်ဘူးတယ်။

တစ်ခါတုန်းက ချစ်သူ့အလှ
`ကလီရိုပထျာ`ငိုရမလောက်
မြင်ဘူးတယ်။

ခုတော့.....
ချစ်သူမုန်းလို့
ရွက်ကြွေပြုန်းတဲ့သစ်ပင်လို အထီးကျန်
မျိုးစိတ်သုန်းတဲ့ငှက်တွေလို သင်းကွဲ
ကိုယ့်တစ်ယောက်တည်း ကျန်ခဲ့ပေါ့။


No comments:

Post a Comment