အချစ်ကြောင့်ပဲ စီးခဲ့လေသလား
အမုန်းကြောင့်ပဲ ဆင်းခဲ့လေသလား
ဒီရေ,လှိုင်းရိုက်ကမ်းလို
အလွမ်းတို့က.....
တအိအိပြိုနေလိုက်ပုံများ
တ၀ုန်းဝုန်းနဲ့ရယ်ပေါ့.....။
ရင်ခွင်တစ်ခုလုံး ကြွေမွကျေကွဲ
ပြိုလဲခဲ့ပြီးပြီပဲကွယ်
ဘာများကျန်သေးလို့လည်း။
မင်းအချစ်,မင်းနှလုံးသား
ပြီးတော့...မင်းအပြုံး
ဒါ....ဒါတွေအားလုံး
ပျောက်ရှဆုံးရူံးခဲ့ရ။
ဘာမှမရှိတော့တဲ့ ဘ၀မှာ
ပျော်သလိုနေတက်ဖို့ထက်
ကောင်မလေးရယ်......
ငါ့နှလုံးသားကမ်းထက်မပြိုဖို့ပဲ
ငါ....မနဲကျိုးစားခဲ့ရတယ်လေ ။
No comments:
Post a Comment