နှလုံးသားရွက်ကြွေကောက် ရင်တွင်းပေါက် ကဗျာသံစဉ်များ

သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Tuesday, December 4, 2012

အလွမ်းပြေရာ

မန်းမြေမှာ

အလွမ်းပြေရာလျှောက်သွားရင်း

ကုသိုလ်တော်ရင်တွင်းသို့  ရောက်ခဲ့ရ။

ထိုရောခဏ

လေပွေစေ ပန်းခရေဖွေး

ယုယထွေးပွေ့ထူ

ကောက်သူရယ်များ မသီကုံးအားခဲ့။

ပန်းခရေဖွေး

လက်မှာထွေးဆုပ်ယူ

အဆွေးပူကုန်စေညွှန်း၊

စေတီထံဝဲယာနှံ့

ကျဲကာပြန့် ဖြန့်ခင်း

စိန္တေထံလျှောက်ပန်သွင်းတယ်

အလွမ်းဖြင့်သံသရာမယ်

နောင်ဝယ်  မကျင်လည်ရလိုကြောင်း......။


No comments:

Post a Comment