နှလုံးသားရွက်ကြွေကောက် ရင်တွင်းပေါက် ကဗျာသံစဉ်များ

သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Tuesday, December 4, 2012

လွမ်းဖို့ဖန်လာတဲ့ ဘဝ

နေချင်သလိုမဖြစ်တဲ့ ဘဝ
ဖြစ်ချင်ခဲ့တာတွေကအများကြီးပဲ။
တအားနီးစပ်ပြီးမှလွဲချော်ခဲ့ရတဲ့ အဖြစ်တွေ
ဒူးနဲ့မျက်ရည်သုတ်နေရတဲ့ ဘ၀များ
ကိုယ်တိုင်ပါမသွားဖို့အားထုပ်ရင်း
ဝေးသထက်ဝေးခဲ့ရတဲ့ ဆုံမှတ်
ပုံအပ်ချင်ပေမယ့်
အချစ်ကိုလက်ခံမည့်သူက မရှိဘူးလေ။

ထားသလိုနေ,စေရာကိုသွား
ကံကြမ္မာဇာတ်ညွှန်းနစ်မှာနစ်မြုတ်
မခံစားတက်လို့တော့ မဟုတ်ဘူး
ခံစားခွင့်ကိုမရှိတာပါ။
ချန်ထားသင့်၍ချန်ထားခဲ့တာပဲ
ကံတရားကိုချည်း မဲမနေချင်ဘူး
အလွမ်းနှင့်ရင်းပါးဖို့အားထုပ်ရုံပဲ။

ရှေ့သွားလို့မဖြစ်တဲ့လမ်း
နောက်ကြောင်းကိုပဲပြန်တမ်းရင်း
ကောင်မလေးရယ်.......
မင်းနင်းသွားတဲ့နှလုံးသားတစ်စုံ
ငါ့ရဲ့ ဘယ်ဘက်ရင်အုံမှာတည်သရွေ့ပေါ့
(....ငါလေ....)
လွမ်းရုပ်ပီအောင်နေဖို့ ကျိုးစားရဦးမယ်

No comments:

Post a Comment