နှလုံးသားရွက်ကြွေကောက် ရင်တွင်းပေါက် ကဗျာသံစဉ်များ

သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Tuesday, December 4, 2012

ဝေဒနာတရေးနိုး

အချိန်ရယ်ပြောင်း

ကာလနှောင်း၍

ရင်ခွင်ဟောင်းခေါ်

ချစ်သူပေါ်ဝယ်

စိတ်လည်မရောက်

လွမ်းစဖျောက်လျှက်

“သူမရှိပြီ

နေတက်ပြီထင့်

မေ့ပြီဟု”ထင်

စိတ်မာန်တင်သည်

ပြန်မဆုံခင် ထိုရက်များ။

အကြောင်းရယ်ဆိုက်

ခွင့်ကြုံကြိုက်၍

ဝင်တိုက်ဒဲ့တိုး

လမ်းချိုးတစ်ကွေ့

သူနဲ့တွေသော်

မည်ဖော်မရ

ဝေဒနာထလာ

တိတ်ကြောင်းရာတို့

စီရီခုန်ထ မူစစနှင့်

သူမမျက်နှာ

တွေးတိုင်းပါသည်

“တမ်းတသည်”ဟု ဆိုမည်လား....?။

No comments:

Post a Comment