တမ်းတ၍လွမ်းစရှည်
မေ့မရတာတွေက နွေ,မိုး,ဆောင်း
ဘယ်လိုပင်ပြောင်း,ဘယ်လိုပင်ဟောင်း
ဟိုယ္ခင်အကြောင်းတို့သစ်ဆဲ,နုဆဲ
အဖြစ်သဲတယ်လိုပဲ ဆိုဆို
အချစ်ကဲတယ်လို့ပဲ ပြောပြော
စွဲလမ်းလွန်းသည်ဟု မြင်မြင်
အစွန်းရောက်သည်ဟု ထင်ထင်
ဘယ်သူတွေဘယ်လိုမြင် ဘာထင်စေပေါ့
မမှုတော့ပြီ......။
ချစ်ခဲ့သည်ပဲ အချစ်ရယ်
လွမ်းလို့သေလည်း ငါပျော်တယ် ။
No comments:
Post a Comment