နှလုံးသားရွက်ကြွေကောက် ရင်တွင်းပေါက် ကဗျာသံစဉ်များ

သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Tuesday, December 4, 2012

သို့...မနှင်းဆီ

ခွင့်ပြုပါသည်  မနှင်းဆီ

ဆင်းသိင်္ဂီနီတာထွေး

ရနံ့ဖျာမွှေး အလှဖြာ

နှစ်သက်ရာရင်ခွင်နန်း

စံမြန်းလို့မင်းပျော်ပါလေ။

ကျေနပ်ပါသည်  မနှင်းဆီ

ဆူးမတ်သူ မင်းကိုချိုး

မြတ်နိုးသူ ခေါင်းမှာပန်

မင်းအလှမာန် ဂုဏ်တင့်

ပွင်ဖက်ကြွေလေမလွင့်ရင်ပဲ

ဆူးစူးခံငါ့နှလုံးသား

ပြုံးထားနိုင်ပါသည်  မနှင်းဆီ ။


No comments:

Post a Comment