မြတ်နိုးပါ၏ ပန်းစံပယ်
အခက်ချိုးဖို့ရာမကြံရွယ်ဘူး
ရနံ့ခိုးသူ ပန်းဘီလူးလက်
အဆင်းပျက်၍ မင်းကြွေ
ပွင့်ဖက်ကြေပြန့်ကျဲ
ဝေမှာပဲစိုးပါသည် ။
စိမ်းမြဝေပင်ယံထက်
ဖွေးလျှက်ဝတ်မှုံစေ
သင်းပျံ့ပါစေ ငါဆုတောင်း၊
အဆင်းမပျက်ရနံ့စေ
ဆင်းသက်မြေ ပင်ခြေစောင်းက
ပွင့်ချက်ကြွေဖြူဖြူဖွေး
ယုယထွေးကောက်ယူ
ဆင်ထိုက်သူယာဉ်ယာဉ်နွဲ့
ဆံကေထက်ပွေ့ယူ
မင်းကိုချူ ပျော်စေသား ။
အလှမာန်မ၀ံ့ကြွားသူမို့
ဓနဏဒဏ်မုန်တိုင်းလေကြား
ခံနိုင်ရည်အားကြံ့ခိုင်စေ
တွန်းလှန်နိုင်ပါစေ တစ်ခါဆုတောင်း
သြော်.....စံပယ်ရယ်
မင်းရှင်သန်နိုင်စေ ငါရေလောင်း၏ ။
အခက်ချိုးဖို့ရာမကြံရွယ်ဘူး
ရနံ့ခိုးသူ ပန်းဘီလူးလက်
အဆင်းပျက်၍ မင်းကြွေ
ပွင့်ဖက်ကြေပြန့်ကျဲ
ဝေမှာပဲစိုးပါသည် ။
စိမ်းမြဝေပင်ယံထက်
ဖွေးလျှက်ဝတ်မှုံစေ
သင်းပျံ့ပါစေ ငါဆုတောင်း၊
အဆင်းမပျက်ရနံ့စေ
ဆင်းသက်မြေ ပင်ခြေစောင်းက
ပွင့်ချက်ကြွေဖြူဖြူဖွေး
ယုယထွေးကောက်ယူ
ဆင်ထိုက်သူယာဉ်ယာဉ်နွဲ့
ဆံကေထက်ပွေ့ယူ
မင်းကိုချူ ပျော်စေသား ။
အလှမာန်မ၀ံ့ကြွားသူမို့
ဓနဏဒဏ်မုန်တိုင်းလေကြား
ခံနိုင်ရည်အားကြံ့ခိုင်စေ
တွန်းလှန်နိုင်ပါစေ တစ်ခါဆုတောင်း
သြော်.....စံပယ်ရယ်
မင်းရှင်သန်နိုင်စေ ငါရေလောင်း၏ ။
No comments:
Post a Comment