ကြိုး
ရင်ဘတ်ချင်းနီးဖို့
သံယောဇဉ်ကြိုးကိုကျစ်ခဲ့ကြသူချင်းအတူ
ဘယ်သူ့လွန်းကပိုထူတယ်လို့
ပြောဖို့လိုမယ်မထင်ပါဘူး။
မခိုင်သူပြတ်စတမ်းပေါ့....။
လက်ကမ်းဖွဲ့ဆက်ထုံးများ
ခါးတယ်ထင်ရင်သွားလေ။
မှားနေတဲ့နာရီတစ်လုံးလို
ခပ်ပြုံးပြုံးရှေ့ဆက်နိုင်မယ်ဆိုရင်ပေါ့
လှည်မကြည့်တော့နဲ့သူငယ်ချင်း
နောက်ပိုင်းဖြစ်မည့်အရေးအခင်း
မင်းနဲ့သက်ဆိုင်ခြင်းမရှိဘူးလေ။
တကယ်ပါ......
သံယောဇဉ်ဆိုတာ
ရင်ချည်ကြိုးတစ်ချောင်းရယ်လေ
အဆိုးအကောင်းမတ်လို့
လက်တို့ပြောစရာရှာမတွေ့ရင်ပေါ့
ပြန်လာခဲ့ပါသူငယ်ချင်း
(...မင်းအတွက်...)
ဟော့သည့်ကြိုးကိုကိုင်ရင်း ငါစောင့်နေတယ်......။
No comments:
Post a Comment