နှလုံးသားရွက်ကြွေကောက် ရင်တွင်းပေါက် ကဗျာသံစဉ်များ

သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Tuesday, May 7, 2013

အထီးကျန်လွင်ပြင်

တူးရူးမျှော်ငေး

ရေးရေးနေရာ

ပေါ်လာလိမ့်နိုး...၊


လည်ပြန်ကြည့်ငေး

အဝေးနေရာ

ရောက်လာလိမ့်နိုး...၊

 

တိုးတိတ်ခိုးကြည့်

စိုးသည့်အတွေး

လွမ်း , ဆွေး , ငေး , ငိုင်

ခွေယိုင်ရင်ကျွမ်း

သည်နွေလမ်းမှာ

ဖော်ကွာလှမ်း၍ နွမ်းလှသည်။


ချစ်လွမ်းဝေ(ရွှေမျှောင်)

၁၂-၄-၂၀၁၃(ည=၁၁း၅၆)


No comments:

Post a Comment