မကျေမလည်ဖြစ်တိုင်း
ညွှတ်ကိုင်းကျ စူ
နှုတ်ခမ်းထူထူလေးရဲ့
အနားကို ကိုက်
ဂျီတိုက်တက်တဲ့ မင်းအကျင့်
တွေးမိတိုင်း
နင့်နေအောင် လွမ်းတယ်။
ပျော်ရွှင်ဖွယ် ရယ်မောတိုင်း
နုပါးပြင် နူးညံ့ညံ့
ချိုက်ခွက်နုသွေး
သွားတက်လေးနဲ့ မင်းဟန်
ရယ်မောသံ ကြားတိုင်း
(...ရင်က...)
ရုန်းမရအောင် ဝုန်းဒိုင်းဆန်
မလှန်နိုင်ပဲ လွမ်းတယ်။
ချစ်လွမ်းဝေ(ရွှမျှောင်)

No comments:
Post a Comment