နှလုံးသားရွက်ကြွေကောက် ရင်တွင်းပေါက် ကဗျာသံစဉ်များ

သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Sunday, May 26, 2013

အထီးကျန်မိုး ( ၂ )

မကျစေချင်ပါဘူး

မျက်ဝန်းကိုစွတ်စိုပြီးမှ

အထင်ကရဖြစ်မည့် မိုး

ဘယ်တိမ်ဆိုးကြောင့်မှ မရွာစေချင်ဘူး။

ဖြစ်နိုင်ရင်ပေါ့

သောကကို ဒေါသတကြီးဖြစ်စေပြီးမှ

ညှိုးခွင့်ရမည့် တိမ်

ဟော့ဒီ မျက်ဝန်းအိမ်မှာ

ဘယ်ကံကြမ္မာကြောင့်မှ

အုံ့စိုင်းတာ မခံချင်ဘူး။

ဒါပေမယ့် ...

ရင်ကိုရစ်သိုင်းလာတဲ့ အလွမ်း

တစ်ဖတ်သက်ဆန် ကျွမ်းမြေ့စေသမျှ

(... ငါလေ ...)

တစ်ခဏတော့ ငိုပါရစေ မိငယ်။


ချစ်လွမ်းဝေ(ရွှေမျှောင်)


No comments:

Post a Comment