နှလုံးသားရွက်ကြွေကောက် ရင်တွင်းပေါက် ကဗျာသံစဉ်များ

သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Tuesday, May 7, 2013

ရင်ခြွေ မိုး

မရောက်ဖြစ်ကြာပေါ့
ဒီနေရာ ...
ခပ်စိမ်းစိမ်းနေခဲ့တာတော့ မဟုတ်။

လွမ်းလျှက် မဆိုဖြစ်တဲ့သီချင်းတစ်ပုဒ်ပ
နည်းနည်းလေးဝေးရုံ ခဏ
ဖော်ပြမရအောင်ပါပဲ
ရင်ထဲကို
သိပ်သိပ်သည်းသည်းရွာချလိုက်တယ်လေ... ၊

မျက်ရည်မိုးတွေပေါ့
ဟိုတုန်းက ညနေတွေကိုတမ်းတလို့
ငါ့ရဲ့ ကောင်းကင်တစ်ပြင်လုံး
ပိန့်ပိန့်ကိုဖုံးလို့ ... ။

သတိရတုန်းပါပဲ
မနေ့တစ်နေ့က အထင်နဲ့
နှလုံးသားက မှိုင်းညှို့ညို
မျက်ဝန်းကို အကြိမ်ကြိမ်ဖြိုလှဲ
ရင်ကွဲ အပိုင်းအစများ
ဒဏ်ရာရ ရထားတစ်စင်းလို
ဒီလမ်းပေါ်မှာ
မကြာမကြာ ခြေချော်ဆဲ ... ။

မိငယ်ရယ် .....
ဟောဒီလို အဝေးရက်တွေထဲ
ဘယ်သူပျော်မလဲကွယ်
ငါ့အလွမ်းနဲ့ ငါ
နင်လာရာလမ်းကို မျှော်လို့
လွမ်းတိုင်း ငိုဖို့အားထုပ်နေမိတယ် ... ။

ချစ်လွမ်းဝေ(ရွှေမျှောင်)
29-4-2013(ည=၁၂း၁၇)

No comments:

Post a Comment