နှလုံးသားရွက်ကြွေကောက် ရင်တွင်းပေါက် ကဗျာသံစဉ်များ

သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Friday, May 24, 2013

လောကထဲမှာ

အပယိကတွေကြားထဲမှာ
ဘဝ အသိတွေမမှားဖို့
ခဏခဏရှုနေမိတာက
အသက်ရူသံ မှန်၏ မမှန်၏ ။

လှန်ကြည့်လိုက် လှောကြည့်လိုက်နဲ့

မောဟ စည်းဝါးတိုက်ရင်း
လောကဓံဇာတ်လိုက်က
ကျောမှာ ရင်မှာ
သူ့ ခြေရာချည်း

ဆေးရင်း ကျောရင်း
ဆေးကျောလို့မနိုင်တဲ့ စိတ်က
နောက် တစ်ခါ ကြည် တစ်လှည့်
ညီ တစ်လှည့် ကောက် တစ်ခါနဲ့
ပေပေတေတေ ငတေဇာတ်ခင်း
ပျက်ရင်း ပြင်ရင်းနဲ့
ကျွန်တော်
ရှေ့ဆက်ခြင်းအမှုကို ပြုနေပါကြောင်း ... ။


ချစ်လွမ်းဝေ(ရွှေမျှောင်) 


No comments:

Post a Comment