နှလုံးသားရွက်ကြွေကောက် ရင်တွင်းပေါက် ကဗျာသံစဉ်များ

သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Friday, May 24, 2013

မျောလွင့်ခြင်း

စိတ်တစ်ခုကိုအလွတ်ကျက်ဖို့
စိတ်တူကိုယ်တူစားကျက်ထဲ
စိတ်တွေကို လွှတ်ကျောင်းနေမိတယ်
စိတ်ကူးနဲ့ဘဝတော့
တစ်ထပ်တည်းမကျသေးဘူး အမေ။

ကိုယ့်အသိုက်ထဲ
ကိုယ်လိုသလိုရေးးဆွဲထားသည့်
ဥပဒေသတွေနဲ့
ဘာသာကောက်ချက်ချရင်း
မျှော်လင့်ခြင်းဆိုတာကို
လိပ်စာတပ်ကြည့်တယ်
မကျွမ်းကျင်တဲ့သံယံဇာတကို
သွင်းကုန်ထုပ်သလိုပါပဲ အမေ
ကျွန်တော့်မှာ
ဆုံးရှုံးမှု ဒဏ်ရာအနာအဖေးတွေနဲ့။

အိပ်မက်နဲ့
လိုက်တမ်းသက်သက်ဆော့နေရသလို
မျိုး
ပြေးဖို့အရှိန်ကမရသလောက်
သူ့နောက်ကိုချည်း လိုက်နေရ
အလိုပြည့်မှုနည်းနည်းအတွက်
အက်ကွဲကျေမွခဲ့ရတဲ့ အချိန်တွေ
နောင်တမှန်ထဲ ပုံနေမှ
သတိရလိုက်မိတယ် အမေ
တစ်ချိန်တုန်းကအချိန်တွေ
နှမျောဖို့
တကယ်ကောင်းတဲ့အကြောင်း။

ဒီလိုနဲ့
စိတ်ပြေလက်ပျောက်ခေါင်းစဉ်
အောက်မှာ
စိတ်ကူးတဲ့ရာနောက်လိုက်ရင်း
ပေစ္စက္ခအခင်းအကျင်းထဲ
ကျွန်တော်နဲ့စိတ်တူကိုယ်တူ
တွေကိုပဲ
ရိတ်သိမ်းဖို့
(... ကျွန်တော် ...)
အားထုပ်နေမိတယ် အမေ...။


ချစ်လွမ်းဝေ(ရွှေမျှောင်)

၁၇-၅-၂၀၁၃ (နံနက်=၉း၃၀)



No comments:

Post a Comment