နှလုံးသားရွက်ကြွေကောက် ရင်တွင်းပေါက် ကဗျာသံစဉ်များ

သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Tuesday, May 7, 2013

ကမ်းလွန်စိတ်ကူးများ


မြစ်ပြင်က

လှိုင်းကို ခပ်ကျော့ကျော့လေး မေးတင်လို့

တေးယဉ်ယဉ်တစ်ပုဒ်ကို သီဆိုရင်း

ဖြေးဖြေးခြင်းစီးဆင်း...၊

အိပ်မက်တမ်းချင်းထဲက နတ်သမီး

လွမ်းချင်းထဲက မျက်ရည်

စီးဆင်းနေတဲ့ မြစ်

တူးရူးကို ရွတ်လွှင့်နေသော ငါ

မညီမညာနဲ့ ဟောဒီကဗျာမှာ

ဝေဒနာက အက်ဆေးဖွဲ့ဖို့

ပြောလောက်အောင်မကောင်းခဲ့ဘူး။

ဦးခေါင်းကိုတွင်တွင်ခါရင်း ငြင်းကြည့်တယ်

တွန်းတိုက်နေတဲ့ လှိုင်းတွေလိုလည်း

ငါက မလှုပ်ခတ်ခဲ့၊

အိပ်မက်နဲ့တစ်သားတည်း မဖြစ်ခဲ့တာကလွဲရင်

ရှေ့ဆက်ဖို့အင်အားများစွာက

တေ့တေ့ဆိုင်ဆိုင်ကြီး မလွဲခဲ့သေးပါဘူး။

မမြဲတဲ့ ကင်းကြွေးကင်းစားခြင်းတွေထဲ

နင်းပြားတွေလည်း ရဲရင့်လာပါပြီ

ငါက ငါ့ကိုယ် ငါ

ဂရုစိုက်မှု နည်းနေသေးတာတစ်ခုပေါ့၊

ရူးမိုက်စွာခုန်ချလာခဲ့မိတဲ

ဟောဒီ ဘဝ

ဘာမှမရချင်နေပါစေ

ကဗျာရေ ... မင်းရှိရင်

ငါ့အတွက် အရာရာပြည့်စုံပြီ......။

 

ချစ်လွမ်းဝေ(ရွှေမျှောင်)


No comments:

Post a Comment