နှလုံးသားရွက်ကြွေကောက် ရင်တွင်းပေါက် ကဗျာသံစဉ်များ

သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Friday, May 24, 2013

သမင်လည်ပြန် တမ်းချင်း

ဘာမှတော့ မဆိုင်ဘူး

အမှတ်တမဲ့ကြည့်မိတဲ့လည်ပြန်မှာ

ဒီအကြည့်က

ခွါမရတော့ , ကွာမကျတော့ ။

'သတိတရ'ဆိုရလောက်အောင်
အမှတ်သညာက
တေ့တေ့ဆိုင်ဆိုင် မှတ်မှတ်သားသား
မှတ်ထားတာ မရှိခဲ့ ။

ဒါပေမယ့် .....
ကြည့်လိုက်မိတဲ့ ဒီနေရာ
ခနော်နီခနော်နဲ့
ယိုင်တဲတဲခုံတန်းလျား တစ်လုံး
ကပိုကရို မှုန်သိုသိုမျက်ဝန်း တစ်စုံ
ရင်အစုံကိုယက်ယှက်
လက်ယက်ခေါ်ငင်ခြင်း ခံခဲ့ရ ။

တမ်းတလို့တော့မဟုတ်ဘူး မိညို
ဒါပေမယ့် .....
ဒီလမ်းကိုကြုံတိုင်း
ဒီခုံနဲ့မျက်လုံးဝိုင်းလေးကို
(... ငါလေ ...)
လည်ပြန်ကသိုဏ်းလေး ရှု့နေမိတယ် ...။

ချစ်လွမ်းဝေ(ရွှေမျှောင်)
၁၀-၅-၂၀၁၃(ည=၁၀း၀၉)


No comments:

Post a Comment