နှလုံးသားရွက်ကြွေကောက် ရင်တွင်းပေါက် ကဗျာသံစဉ်များ

သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Sunday, May 26, 2013

ဝါးစည်းလေးတွေ မပြေစေချင်

နေက
နေ့ကိုစားတဲ့ကိန်းတွေထဲ
ညက
လကိုထမ်းရင်း လမ်းသလား၊

လက

ညကိုစားတဲ့ကိန်းတွေထဲ
နေ့က
နေကိုထမ်းရင်း လမ်းသလား၊

အချင်းမများကြပါနဲ့

လောကကိုက
လမ်းသရဲဆန်ဆန်ကကွက်နဲ့
ဆိုင်းမဆင့် ဗုံမဆင့်
အရေးအခင်းတွေ
ထထဖြစ်နေတဲ့ လောက
သောကတွေများတိုင်း
စိတ်တိုလက်ရ ဖြစ်နေရင်
ကျုပ်တို့တွေ
ဘယ် ...
စည်းလုံးခြင်းလွင်ပြင်ဆီ ရောက်မလဲ။

ချစ်လွမ်းဝေ(ရွှေမျှောင်)
၂၆-၅-၂၀၁၃ (ညနေ=၅း၄၅)


No comments:

Post a Comment