နှလုံးသားရွက်ကြွေကောက် ရင်တွင်းပေါက် ကဗျာသံစဉ်များ

သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Friday, May 24, 2013

ယုန်ထင် ကြောင်ထင်နဲ့ ခြုံကိုမြင်တိုင်း ခုတ်ထွင်ရှင်းလင်းနေမိတယ်

ဒီနေရာ
ရေခံမြေခံတော့
သိပ်မကောင်းခဲ့ဘူး အမေ။

ဖြတ်သွားဖြတ်လာ
အရောင်တွေမှာ
အာရုံက
ယုန်လိုလို ကြောင်လိုလို
ထင်မိမှား။

သိမှုနဲ့မသိမှုကြားက
"စည်းကမ်းတကျ" ဆိုတာကို
စနစ်တကျဖြစ်ဖို့
အားထုပ်ကြိုးစားနေရတာနဲ့
မသိလိုက်ဘာသာတွေလဲ
အတော်များခဲ့ပေါ့ အမေ။

ခြုံနဲ့ယုန်ပဋိပက္ခမှာ
ဘယ်သူ ကတရားခံ
ဘယ်သူက တရားလို
ခြုံကို အပြစ်ဆိုရမလား
ယုန်ကို အပြစ်ဖိုရမလား
ဝင်သူနဲ့ခုတ်ထွင်ရှင်းသူကြား
ဗျာများနေတဲ့ စိတ်တို့နဲ့
သားလေ
ဒီခြုံတွေကိုပဲ
သဲသဲမဲမဲခုတ်နေမိတယ် အမေ။

ချစ်လွမ်းဝေ(ရွှေမျှောင်)
၂၁-၅-၂၀၁၃ (နေ့ခင်း=၂း၄၅)
မြ ကဖေး (သာကေတ)


No comments:

Post a Comment