နှလုံးသားရွက်ကြွေကောက် ရင်တွင်းပေါက် ကဗျာသံစဉ်များ

သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Tuesday, May 7, 2013

မြကျွန်းသာ နံနက်ခင်း



ဂေါ်ယာကျွန်းက

နေမင်းကို ရွာချလိုက်တယ် ။


စာသင်းတစ်အုပ်

ကသုတ်ကရက် ကျလာတယ် ။

တိတ်ဆိတ်ငြိမ်သက်ခြင်းနဲ့

အိပ်မောကျနေတဲ့ သြကာသလောက

ရုတ်တရက် အသက်ဝင်လာတယ် ။

ရုံးဝန်ထမ်း ၊ ဈေးဝန်ထမ်း

အရာထမ်း ၊ အမှုထမ်း

ကူလီထမ်း ၊ လုပ်ငန်းရှင်

အလျှိုလျှို ပြင်ကြ,ဆင်ကြ

သတ္တလောကလည်း လှုပ်လှုပ်ရွရွ

နိုးထစပြေုပေါ့ ။

မြကျွန်းသာ နံနက်ခင်းက

ခရီးသွားလမ်းမကို တံခါးဖွင့်

သူသူ ငါငါကို

ကျော်ဖြတ်ခွင့် ပြုရော့မည် ။

သူ့ ခေါင်းရင်းဆီမှာတော့

မြစ်တစ်စင်းက

နေမင်းကိုထမ်းပိုးရင်း

ခ ရီး ဆက် လို့ ... ။

 

ချစ်လွမ်းဝေ(ရွှေမျှောင်)


No comments:

Post a Comment