နှလုံးသားရွက်ကြွေကောက် ရင်တွင်းပေါက် ကဗျာသံစဉ်များ

သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Tuesday, May 7, 2013

တနင်္ဂနွေဘူတာမှာ အလွမ်းတစ်ချို့ တွန်းချချန်ရစ်ခဲ့ခြင်း


မမျှော်လင့်ခဲ့ဘူး

မျှော်လင့်ချက်တစ်စုံတစ်ရာ

ဒီနေရာမှာ ရှင်သန်ဖြစ်ထွန်းခဲ့လိမ့်မယ်လို့ ...၊

အပျော်တစ်ချို့

ကြည်နူးခြင်း တစ်ဆိတ်တစ်ဒေသ

အိပ်မောကျရင်ခုန်ခြင်း

တပြိုင်နက်အတွင်း ခံစားခဲ့ရ ၊

ကြာပေါ့လေ

သူစိမ်းပြင်ပြင်ဖြစ်နေခဲ့ရတဲ့ အချိန်တွေ

ရင်းစားမှုတိုင်းမှာ

အလွမ်းနဲ့ချည်း ခွေနေခဲ့ရ ၊

ခုတော့

ပြောလောက်အောင်ကျေနပ်ခွင့်မရပေမယ့်

သူ့ရဲ့နှစ်သိမ့်မှုမှာ

အလွမ်းတွေ တဒင်္ဂကွာကျသွားလေရဲ့ ၊

'သူစိမ်းတို့မြေ'ရယ်လို့တောင်

အမှတ်က တေးမထားခဲ့မိဘူး

လွတ်လွတ်ဖူးနေတဲ့ သူ့ အပြုံးအောက်မှာ

ငါရဲ့ တစ်နေ့တာ ကြည်နူးခြင်းများ

လန်းဆန်းစွာ ပွင့်လို့ ...၊

ဆွဲဆန့်လို့ ရရင်ပေါ့

ဟောဒီ တနင်္ဂနွေ

(...ငါ့ဘေးမှာ လေ...)

ထာဝရ ရှင် သန် နေ စေ ချင် လိုက် တာ ...။

 

 

 ချစ်လွမ်းဝေ(ရွှေမျှောင်)

22-4-2013(Am=9:20)


 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

No comments:

Post a Comment