နှလုံးသားရွက်ကြွေကောက် ရင်တွင်းပေါက် ကဗျာသံစဉ်များ

သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Friday, May 24, 2013

ခရီးသွား စိတ်ကူး

လရေးကွေးကွေးနဲ့ ညက

ငါသွားရာနောက်

တကောက်ကောက် လိုက်လို့

အိပ်ငိုက်မဖြစ်တဲ့ ခုံကျဉ်းထဲ

တအိအိတငြိမ့်ငြိမ့်ခုတ်မောင်းဆဲကားပေါ်

အတွေးတို့ခေါ်ရာ မျောပါမျှော်ရင်း

လိုက်ခဲ့ ။

တစ်ချက်တစ်ချက်

ရှိုက်တက်လာတဲ့ လေပြေ

တစ်ခါတစ်ခါ

ကွေ့ဝှိုက်သွားတဲ့ ဟိုင်းဝေး

စိတ်ထဲမှာရှုပ်ထွေးနေတဲ့ အတွေးရပ်ဝန်း

စိမ်းစိုညှို့မိုင်းသော ဝဲယာ

မသာတသာ လရေး

မျက်လုံးမှေးလိုက်လာသည့် ခရီးသည်တစ်ချို့

မြင်ကွင်းတို့

ဟိုဟိုဒီဒီလွင့်မျောရင်း

အမြန်ယဉ်ရင်တွင်းခွေလျှက်

မွေရပ်သို့အပြန်ခရီးကိုနှင်

မနက်ဖြန်နေမမြင်ခင်ပေါ့

ကျွန်တော်

အမေ့ရင်ကို ပြေးဝင်ပွေ့၍ဖက်ဦးမည်။

ချစ်လိမ်းဝေ(ရွှေမျှောင်)

 

No comments:

Post a Comment