မျှော်တိုင်းဝေးနေတဲ့ အိပ်မက်က
စွန်တစ်ကောင်နှယ်
လွတ်လွတ်လပ်လပ် မရှိ ... ၊
တိုးကြည့်သမျှ တိမ်စိုင်တွေကလည်း
သဲသဲမဲမဲ အားခဲရင်း အုပ်မိုး
ဒီလို ညဆိုးတွေချည်း ဖြတ်ဖြတ်နေရ ... ၊
သံယောဇဉ်မှ မခိုင်မာခဲ့ပဲ
လွင့် လွင့် ၀ဲ ၀ဲ
ကြိုှးဆွဲရာပါရုံပေါ့ ။
ရင်မခုန်တော့ရင်လည်း ပြောပါ
သံယောဇဉ်နည်းရာ ဆက်ထုံးခွါဖို့ပဲလေ၊
ခုတော့ .....
ရင်အစုံကိုယက်ယှက်မိသမျှ
လက်တို့ပြောစရာမဲ့သည့် သမုဒယက
အလွမ်းမကင်းတဲ့ညတွေကိုချည်း
ပေပြီး ရပ်ရပ်ကြည့်နေရတယ် ... ။
အဆွေးတို့က
တယောင်ယောင် တလည်လည်နဲ့
အမှောင်နယ်ထဲမှာ နစ်မြုတ်ရင်း
မသာတဲ့'လ'ကို တမ်းချင်းဖွဲ့လို့
ငါ့ညတွေ
ချမ်းချမ်းသာသာအိပ်စက်ခွင့်တို့
ဝေးလွင့်ခဲ့ရ ကြာပေါ့ မိငယ် ... ။
ချစ်လွမ်းဝေ(ရွှေမျှောင်)
၁-၄-၂၀၁၃(မနက်=၁၂း၁၉)
No comments:
Post a Comment