လူငယ်
အတ္တတွေ တစ်ထမ်းတပိုးနဲ့
လွတ်လပ်ခွင့်ရှိသလောက်
ပျံတက်ခဲ့ကြ
မြွေလို ပါးပြင်းတပြပြနဲ့ပေါ့
ဘဝအတိုအပျကတွေနဲ့
မောဟကို ခုခံကာကွယ်ကြ
စာရိတ္တတွေ လောင်မြိုက်ကြရင်း
လမ်းတွေသာ တဖြေးဖြေး
ရွရွ ကျွတ်ဆက်လာ
ရမ္မတ်ကို အသက်လိုကိုးကွယ်
ဒါကို "ချစ်တက်ခြင်း" လို့
ဆိုပြန်တယ်။
အိမ်ပြန်လမ်းကိုမသိတဲ့ ညများ
ပိုးမွှားအန္တရာယ်နဲ့
အရွယ်ငယ်ငယ်
အတွေးအခေါ် နုနု
စံပြုစရာ ရှားပါးတဲ့ခေတ်ထဲ
ကမ်းကုန်အောင်မိုက်ခဲ့ကြ
အမိ,အဖတို့ရဲ့စကားမှာ
လူ့အခွင့်အရေးကိုပြ
တလွဲ အသုံးချခဲ့ကြတယ် ။
ချစ်လွမ်းဝေ(ရွှေမျှောင်)
No comments:
Post a Comment