နှလုံးသားရွက်ကြွေကောက် ရင်တွင်းပေါက် ကဗျာသံစဉ်များ

သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Friday, May 24, 2013

ငှက်ဖျား


ဒီလမ်းမတွေအပေါ်
ဒီလိုနဲ့
ခြေက ချော်ချော်ကျ
ဂီတအကြောင်းဆို
ဝလုံးတောင်
ကောင်းကောင်းမရေးတက်တဲ့
ကျွန်တော်
အစေးအညှော် မတည့် တတည့်
ရစ်သံတွေနဲ့
ဒီဂီတကို ခုံမင်
ဟောသည်လို .. ဟောသည်လို
"ကဗျာ .. ကဗျာ" လို့
မကြာမကြာ အော်ရင်း ညှိ
ခုထိတော့ ဒီကီးက
စည်းမမိသေးဘူး အမေ ။

ချစ်လွမ်းဝေ(ရွှေမျှောင်)


No comments:

Post a Comment