ညက ညကိုဝါးမျိုဖို့ အားထုပ်နေချိန်
ဘဝရဲ့ ထားသလိုမဖြစ်တဲ့အကြာင်း
တွေးနေမိ
ရေရေရာရာမသိမှုများ
ရေရာခြင်းမရှိသေးသည့်
ဘဝ၏ခါးမှာ
ခါးတင်ခွအထိုင်ခိုင်းထားရင်း
ပြည့်စုံခြင်းဆီ ပျံသန်းဖို့
ငှက်တို့ရဲ့ အားအင်မျိုး
မွေးဖွားဆဲပါ
'တွေ့မလား' စိတ်ကူးက
နေ့,ညတွေကြားမှာ လူးလွင့်လို့
ရှေ့ ဖြစ်တို့အကြောင်း ငေးမော
မတည်မြဲခြင်း သဘောကို
သဘောတကျမရှိသလိုမျိုး
မျက်မုန်းကျိုးကျိုးနဲ့
မျက်ထောင့်နီမျက်စောင်းချည်း
ထိုးထိုးကြည့်မိ
မသိမှုတိုင်းသာ'အဝိဇ္ဇာ'ဆိုရင်
အဲဒါ ... သေချာပါတယ်
ဘဝက
ညလိုအမဲရောင်မှာပျော်မွေ့ဆဲ ဆိုတာ
ကလင်(န်)ဒါကြည့်စရာမလိုဘူး ။
ချစ်လွမ်းဝေ(ရွှေမျှောင်)
၁၃-၅-၂၀၁၃ (ည=၁၀း၄၉)

No comments:
Post a Comment