နှလုံးသားရွက်ကြွေကောက် ရင်တွင်းပေါက် ကဗျာသံစဉ်များ

သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Tuesday, May 7, 2013

နွေစားသောကိန်းဂဏန်းများ

သူက

သက္ကရာဇ်တစ်ခုကို

ခြွေချသွားပြန်ပြီ...။

 

အရိုးရင့်ပြီး

အသားမတက်သေးတဲ့ ဘဝ

ဒီနှစ်ပရိစ္ဆေဒတွေရဲ့ အ၀ါးအမျိုကိုပဲ

ခံခံနေရတယ် ... ။


ထားသလိုနေခဲ့တာတော့ မဟုတ်ဘူး

သွားနေရက်နဲ့မရောက်သေးတဲ့ ခရီးပါ

ခုထိ မိမိရရဆွဲစရာမရှိသေးဘူး။

 

သမုဒယနောက်မြီးက သားရေကြိုးနှယ်

နောက်ကိုချည်း ဆွဲဆွဲငင်

ပျော်ရွှင်တစ်လှည့် ၀မ်းနည်းတစ်လှည့်

ဇွဲနပဲနဲ့ကို အင်တိုက်အားတိုက်

အကွက်ကျကျ နှိပ်စက်လို့ ... ၊


ငါ့ရင်ကိုက ခံစားတက်ခဲ့လွန်းတာလား

ရုတ်ရုတ်သဲသဲမဖြစ်တာ တစ်ခုကလွဲရင်

နေ့တိုင်း ဝေဒနာလွင်ပြင်တွေချည်းပဲလေ။

 

ဘ၀နဲ့လွန်းဆွဲတိုင်း

ညွှတ်ကိုင်းပြီးကျကျလာတဲ့

အဲဒီဝေဒနာတွေ

တစ်နွေပြီး တစ်နွေ

ဖြတ်ဖြတ်နေလိုက်တာ

 

ငါ့သက်တမ်းရဲ့ကိန်းဂဏန်းတွေ

(... ခုဆို ...)

အတော်လေး အိုဇာနေခဲ့ပေါ့ ... ။

 

ချစ်လွမ်းဝေ(ရွှေမျှောင်)

၁၁-၄-၂၀၁၃ (ည=၁၀း၂၀)




No comments:

Post a Comment