နှလုံးသားရွက်ကြွေကောက် ရင်တွင်းပေါက် ကဗျာသံစဉ်များ

သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Tuesday, May 7, 2013

ဖတ်စွတ်မိုး

ကသောကမျောလေး

အပြေးအလွှား ကျလာတယ်

သူ့အသွင်အပြင်က

ရေစီးကြောင်း မထင့်တထင်၊

 

ဒီနွေလွင်မှာ အပူတစ်စ

မပြောပလောက်ပေမယ့်

ကင်းစင်လွင့်ပျောက်ခဲ့ရတာတော့ 

အမှန်...။

 

အကိုင်းအခက် ကျိုးတိုကျဲတဲနဲ့

ဟိုး ... အဝေးက တောတန်းထဲမှာ

သူ့ကြောင့်

ရွတ်ဖျားဖုန်တို့ စင်ခဲ့ရ ၊

 

တကယ်ကို ခဏလေးပါပဲ 

ရုတ်တရက် သူအသဲမှာ

ရင်ထဲ 'စိမ့်ခနဲ' ဖြစ်သွားတယ်။


ဒါ

ကနဦး တပ်လှန့်သံလား -?

အတွေးတို့စေစားရင်း

ဟို ... အာကာတလင်းဆီ

မော့အကြည့်

အို ... သူ့မျက်နှာ

ညှိုးရောင်သန်းနေပါပေါ့လား...။

 

ချစ်လွမ်းဝေ(ရွှေမျှောင်)

၁၀-၄-၂၀၁၃ (ည=၇း၃၁) 

 

No comments:

Post a Comment