နှလုံးသားရွက်ကြွေကောက် ရင်တွင်းပေါက် ကဗျာသံစဉ်များ

သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Tuesday, April 16, 2013

ဘကုန်း အပေါင်း ၀လုံး

ဘ၀က
အစကတည်းက
စာလုံးပေါင်း မှားလာခဲ့တာမှ
မဟုတ်ပဲ..၊
စိတ်ပျက်လို့လဲ အပိုပဲလေ။

သူ့ဘာသာ သူ
လွဲချင် လွဲမယ်
ကွဲချင် ကွဲမယ်
သက်ပုံမှန်ဖို့ပဲ လိုတယ်
ဘကုန်းနဲ့ဝလုံးဟာ ဘကုန်းနဲ့ဝလုံးပါပဲ..၊

တဗိုင်းဗိုင်းလဲချင်လဲမယ်
ဒါပေမယ့် ... ပြန်ထ
ကန်မချဘူး၊လှန်မချဘူး
ဟန် ကျ ပန် ကျ ဖြစ်ဖို့
(ကိုယ့်ဘာသာကိုယ်)
စာလုံးပေါင်းမှန်ဖို့တော့ လိုတယ်...။

                     ချစ်လွမ်းဝေ(ရွှေမျှောင်)
                     2-4-2013(Am=1:51)

No comments:

Post a Comment