နှလုံးသားရွက်ကြွေကောက် ရင်တွင်းပေါက် ကဗျာသံစဉ်များ

သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Monday, April 1, 2013

လမ်းအကွဲ

အဲဒီနေ့က
နေမပူပါဘူး
မိုးတွေ ... ရွာ လို့။

ကျောခိုင်းရင်း လှည့်ထွက်
သစ်ရွက်အချို့
မြေထက်သို့ သက်လို့ကြွေ
မိုးရေတွေအကြား
အပြေးအလွှား
သူ .. ထွက်သွားတယ်။

မိုးကိုကာဖို့
ထီးအကူလေးတစ်ချောင်း
သူ့ခေါင်းမှာဆောင်းရင်းပေါ့...။

နှုတ်ဆက်ခြင်းမပြုနိုင်မှီ
အသိတစ်ချို့ လွတ်ကျသွားခဲ့ရ
ငါတို့.....
ဝေး  ကြ   ပြီ ... လို့ ။


     ချစ်လွမ်းဝေ(ရွှေမျှောင်)


No comments:

Post a Comment