နှလုံးသားရွက်ကြွေကောက် ရင်တွင်းပေါက် ကဗျာသံစဉ်များ

သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Monday, April 1, 2013

နွေရေးပုံတူများ

လှုပ်လဲ့လဲ့ လေပြေအဝေ့မှာ
ယိမ်းနွဲ့ ခါတက်တက်လာတဲ့
တမာရနံ့က ၊ နွေမနက်ကို
လတ်လတ်ဆက်ဆက် ကြိုလို့...၊

ပွင့်လုလု ပိတောက်တို့
တ၀ံ့ဝံ့ ဖူးတံချီ
နေရီရီဆန်းစမှာ
နွေက
ယဉ်ယဉ်လေးနဲ့ လှတယ်..။

အားရသွားလို့လား
အား ကျသွားလို့လား
နွေကိုတံခါးခေါက်သူက
(ခုတလော)
ပျောက်ချင်းမလှပျောက်
နွေဦးပေါက်က
ဆွေးဆွေးသဲ့သဲ့ သူ့အသံ
မကြားရပြန်တော့..။

ဝါဖျော့ဖျော့ ပွင့်ဦးနဲ့
ငုဝါက
တူးပိုသံအလွင့်မှာ လူးလို့
မြူး နေရော့ ထင်..၊

ဖြတ်သွားဖြတ်လာ
ကံကြမ္မာထမ်း လှည်းယာဉ်တို့အထက်
သင်္ကြန်းဒိုးတို့ လွှမ်းပါတ်လို့
ဒီရက်တွေမှာ
နွေက
မြန်မာဆန်ဆန်လေးနဲ့ လှတယ်..။

ချစ်လွမ်းဝေ(ရွှေမျှောင်)


No comments:

Post a Comment