နှလုံးသားရွက်ကြွေကောက် ရင်တွင်းပေါက် ကဗျာသံစဉ်များ

သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Monday, April 1, 2013

ဘာမှန်းမသိတဲ့ ကဗျာ


လရောင်ရွာချတဲ့ အလင်းအောက်
စကားလုံးပန်းလေးတွေ
ကြိုးသီကောက်ဖို့
ငါ ... စောင့်နေမိတယ်။

ပျောက်နေတဲ့ ချစ်သူကို
ပြန်ရှာတွေ့သလိုမျိုး
ဝေဒနာအမျိုးမျိုးက
ရင်ထဲမှာ ယှက်တိုက်
နှလုံးသားပင့်သက်ကို
လာလာပြီး ရှိုက်သွားခဲ့..။

တရှိုက်မတ်မတ်
နှစ်သက်ခဲ့တဲ့ ပန်းတစ်ပွင့်
ရနံ့သင့် ၀တ်မှုံအလွင့်မှာ
ငါ့ နှလုံးသားလေး
ဆက်ဆက်ခါလှုပ်ရမ်း
ဘယ်လိုဖြစ်တယ်မှန်း ငါမသိ၊
ရှုရှိုက်မိသမျှ လေပြေ
ကြည့်လိုက်မိသမျှ မြင်ကွင်း
"သူမှသူ"အတင်းချည်း စွဲခဲ့မိ။

ဒီတော့.....
ငါ ရေးကြည့်မိတယ်
နှလုံးသားရဲ့ ခံစားသိ
အရှိကို အရှိအတိုင်း..။
ထိုင်နေကြလ္ဘက်ရည်ဆိုင်က
ရွှေမိက ပြောတယ်
"ရင်ထဲမှာရှိတာကို ချရေးတာ
အဲဒါ ... ကဗျာ" တဲ့..။

ငါမသိတော့ဘူး ရွှေမိ
ငါသိသလို ရေးကြည့်တာပါ
အဲဒါ ... ကဗျာဆိုရင်
ငါ့မှာ အလီဗိုင်ပြစရာ မရှိဘူး...။

                         ချစ်လွမ်းဝေ(ရွှေမျှောင်)


No comments:

Post a Comment