နှလုံးသားရွက်ကြွေကောက် ရင်တွင်းပေါက် ကဗျာသံစဉ်များ

သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Tuesday, April 16, 2013

မုန်တိုင်းကြားက ငှက်ငယ်

ခွန်နဲ့အားက ၀န်နဲ့ဘ၀ကြား
မညီမျှမှုများစွာဆွဲလာတဲ့အခါ
လောကက တစ်ခါ တစ်ခါ
ခါး ခါး လာတယ်..။

"ကံတရား"လို့ ရိုးမယ်ဖွဲ့မလား
ခေါင်းပါးလာတဲ့မေတ္တာတရားမှာ
အတောင်ပေါက်လာတဲ့ ခေတ်အလယ်
မပျံတက်သေးတဲ့ငှက်ငယ်တစ်ကောင်
ဒီနွံထဲ ဘယ်လိုရုန်းမလဲ၊

ဝရုန်းသုန်းကားဖြစ်ရုံကလွဲလို့
မမျှော်လင့်ရဲတဲ့ အနာဂါတ်သာ
သူ့လက်ထဲမှာ ရှိနေခဲ့၊

ရပ်ကြည့်ရုံနဲ့မပြီးတဲ့အခြေနေမှာ
ရပ်ကြည့်နေတဲ့မေတ္တာတရားကိုက
မသိလိုက်ဘာသာနေလွန်းအားကြီးတယ်၊

အို...ဗြဟ္မာမင်းများရယ်
သင်တို့ရဲ့ လက်စွဲတော်ဓား
လူ့ပြည်သို့
တဆိတ်လောက် ငှားပါ...။

ချစ်လွမ်းဝေ(ရွှေမျှောင်)
5-4-2013(Am=2:23)

No comments:

Post a Comment