နှလုံးသားရွက်ကြွေကောက် ရင်တွင်းပေါက် ကဗျာသံစဉ်များ

သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Tuesday, April 16, 2013

လက်ဆေးမိုး

ဖျောက် ဖျောက် ညှင်း ညှင်း
ဖြေးဖြေးခြင်း ကျလာတယ်
မျက်နှာစာတောင် အနှံ့မစိုဘူး၊
ဒါပေမယ့် ... သူ အပြုံးမှာ
ပိတောက်များစွာ ပွင့်တယ်။။

ယဲ့ ယဲ့ ရေး ရေး
နှေးနှေးလေး ရောက်လာတယ်
သူ့အချိန်,သူ့အခါတော့ မဟုတ်ဘူး၊
ဒါပေမယ့် ... သူ့အနမ်းက
အေးချမ်းခြင်းခဏကို ပေးတယ်။

ချစ်လွမ်းဝေ(ရွှေမျှောင်)
4-4-2013(pm=10:29

No comments:

Post a Comment