နှလုံးသားရွက်ကြွေကောက် ရင်တွင်းပေါက် ကဗျာသံစဉ်များ

သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Tuesday, April 16, 2013

အဆွေးတို့သည်ဆောင်ရာ


ရင်တွေလည်း မောလျလှပါပြီ
ပြောပြချင်ခဲ့သော ဇာတ်လမ်းတစ်ပုဒ်
ခုတော့ ... ဒီလိုနဲ့ အဆုံးသက်ဖို့ပဲ..။
 မျှော်လင့်ခြင်းများစွာနဲ့
အမှောင်ကျခဲ့တဲ့ ရင်က
ဇာတ်လမ်းကို အသိမ်းလှချင်နေပြန်သေး
အလွမ်းက ဆေးမမှီတော့ဘူးလေ..။
ဘေးလူတစ်ချို့တောင် သိတယ်
မေ့လို့မလွယ်တဲ့ နှလုံးသား
တဖြေးဖြေးနဲ့လုံးပါး ပါးလိုက်လို့...၊
အတိတ်ကစိုက်ခဲ့တဲ့ မြက်ခင်းစိမ်းကို
လှမ်းမျှော်တမ်းချင်းနဲ့ ဆွေးကောင်းနေတုန်း။
ကစုန်စိုင်းအပြေးနှင်နေတဲ့
အတိတ်ပုံပြင်တွေထဲ
အလွမ်းတွေပြန့်ကျဲလို့
နီးစပ်ခွင့်မှ မရှိပဲလေ
အဝေးကသာ တမ်းတရုံပေါ့
သတိတရရှိတက်လွန်းတဲ့ ရင်အုံက
လမ်းကို မကြုံ,ကြုံအောင်သွားနေဆဲ..။
ဒီလိုနဲ့ပဲပေါ့ ... မိငယ်
ဟောဒီ နေ့ရက်တွေထဲ
အလွမ်းတွေပြည့်နေတဲ့ ရင်ဘတ်ကြီးနဲ့
ငါ ခရီးဆက်နေဆဲပါ...။

ချစ်လွမ်းဝေ(ရွှေမျှောင်)
3-4-2013(Am=1:20)



No comments:

Post a Comment