နှလုံးသားရွက်ကြွေကောက် ရင်တွင်းပေါက် ကဗျာသံစဉ်များ

သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Sunday, March 3, 2013

မပြောင်းလွဲသေးသော ဘ၀များ

နင်း...
အဆက်မပျက်နင်း
ပျက်ပျက်ယွင်းယွင်း။
နင်း...
မပြောင်းမလွဲနင်း
သွေးစက်ချင်းချင်း။
နင်း...
ရှေ့စဉ်လာမယွင်း
အခြေခံသတ်ကွင်း။
နင်း...
စားကျက်လုရင်း
ငတေဇာတ်ခင်း။
နင်း...
လယ်မြေဖျက်ရင်း
ခွေးဇာတ်တွေ ခင်း။
နင်း...
သွေးမြေသို့ဆင်း
ဘ၀တွေပျက်ယွင်း။
နင်း...
လက်မဲ့စာရင်း
များလှပြည်တွင်း။
နင်း...
နင်း...နင်း...နင်း...နင်း
ထပ်၍ထပ်၍........နင်း။
ဆက်၍ဆက်၍.....နင်း။
ရှေ့ကရှေ့ကတိုင်းပဲ.......နင်း။
==================


ချစ်လွမ်းဝေ(ရွှေမျှောင်)
၂၇-၂-၂၀၁၃
ညနေ=၆း၃၆=နာရီ။

No comments:

Post a Comment