နှလုံးသားရွက်ကြွေကောက် ရင်တွင်းပေါက် ကဗျာသံစဉ်များ

သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Friday, March 29, 2013

သစ်ကိုင်းလွတ်မျောက်တစ်ကောင်

ဆိတ်ဆိတ်နေခြင်းဖြင့်
က္ကူဒြေ္နရင့်နေတဲ့ ညမှာ
စိတ်၏ဦးတည်ရာတို့ အလျိုလျို
ဟို ဟို ဒီ ဒီ လွင့် ပါး လို့....။
ပြုလုပ်ခဲ့မိတဲ့ အမှားတွေ
မပြုလုပ်လိုက်မိတဲ့ အမှန်တရားတွေက
ဓားသွားထက်ထက်နှယ် ရင်ကိုလာခြွေ၊
အတွေးရပ်ဝန်းတွေကလည်း
တစ်နေရာတည်းမှာ တည်မနေခဲ့ဘူး...။
တစ်ခါတစ်ခါ
အတိတ်က မြင်ကွင်းတွေထဲရောက်လိုက်
တစ်ခါတစ်ခါ
ပစ္စက္ခ မြင်ကွင်းတွေထဲရောက်လိုက်နဲ
ပွင့်လင်းမြင်သာမှုတို့ အားနည်းနေခဲ့...။
ဒီလိုနဲ့.....
အနာဂါတ်ကို ဆွဲဆန့်ကြည့်လိုက်တဲ့အခါ
မှုန်ဝါးဝါးလမ်းမတွေနဲ့
လိပ်စာပျောက်နေတဲ့ ငါ့အိမ်ယာကို
ငါ ... မြင်တွေ့လိုက်ရတယ်......။
-----------------------------------

ချစ်လွမ်းဝေ(ရွှေမျှောင်)

No comments:

Post a Comment