နှလုံးသားရွက်ကြွေကောက် ရင်တွင်းပေါက် ကဗျာသံစဉ်များ

သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Sunday, March 3, 2013

နွေဦး

ဥသြလည်း ငို
နှင်းလည်း ပြိုပြီ
သူ့ကို နေရာပေးလိုက်ပါ...။
စိမ်းရွက်လည်း အို
ရွက်ဝါ ခိုပြီ
သူ့ကို ကြင်နာပေးလိုက်ပါ...။

ရွက်သစ်လဲစို
သစ်တန်းပျိုမည်
သူ့ကို ဝေခွင့်ပေးလိုက်ပါ...။
နှစ်ဟောင်းလဲပြို
နှစ်သစ်ကြိုမည်
သူ့ကို နေခွင့်ပေးလိုက်ပါ...။

No comments:

Post a Comment