နှလုံးသားရွက်ကြွေကောက် ရင်တွင်းပေါက် ကဗျာသံစဉ်များ

သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Friday, March 29, 2013

သို့ / အမြန်လာပါ ငြိမ်းချမ်းရေး

အပူတပြင်းရွာချလိုက်တဲ့
အပူလှိုင်းတွေထဲ
ရင်မှာ ကသိုင်းရှု့နေမိတာက
ငြိမ်း အေး ရာ...။

အရှေ့ကလာမလား
အနောက်ကလာမလား
အလယ်မှာ လှိုက်စား
"ခြ"တွေလည်း များပြီ...။

အလည်လွန်သူက
ခုထိ ပြန်မလာသေးဘူး၊
မျှော်တော်ရောင် အိုးပုတ်လည်း
အယောင်ဆောင်မုန်တိုင်းထဲ နစ်မြုတ်
တွန့်ဆုတ်ဆုတ် သံတမန်က
အားအင်ချို့ ချိနဲ့လာ
အမိမဲ့သားပမာ
ဒီမြေ ခမျာ
သင် ပြန်အလာကို
မျှော် ..... လို့ ။
===============
ချစ်လွမ်းဝေ(ရွှေမျှောင်)

No comments:

Post a Comment