နှလုံးသားရွက်ကြွေကောက် ရင်တွင်းပေါက် ကဗျာသံစဉ်များ

သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Tuesday, March 26, 2013

ဝေဒနာကပွဲ

လွမ်းကြည့်တယ်
လွမ်းလို့ ... မရခဲ့ဘူး။
လှမ်းကြည့်တယ်
လှမ်းလို့ ... မရခဲ့ဘူး။
ပျောက်ရှလွန်းတဲ့စကားလုံးတွေ
ရင်ထဲမှာ ခြေရာဖျောက်နေခဲ့
နှလုံးသားက တဆစ်ဆစ်နာကျင်
ဒီလွင်ပြင် ဘယ်လိုဖြတ်ရမလဲ...။

မရဲတရဲလှမ်းရတဲ့ လမ်းမို့
ဖြောင်တန်းခြင်းက ဘယ်ဆီဘယ်ဝယ်
အသည်းငယ်လို့လည်း မဟုတ်ခဲ့
စိုးရိမ်တက်တဲ့ စိတ်ကို
ပိတ်ထားလို့ရရင် ကောင်းမယ်
တစ်ကြောင်းတည်းပြေးမယ့် နှလုံးသားကို
လမ်းမှားအောင်လုပ်ချင်လို့လား
ဒီေ၀၀ါးမှုထဲ လဲကျကျန်နေခဲ့ပေါ့
လှည့်ကြည့်ချင်စိတ်မရှိရင်လည်း
ပြတ်စဲထားခဲ့ပါ...။

ဆိပ်ကမ်းမဲ့တဲ့ မြစ်လို
အကန့်အသတ်မရှိ လွင့်မျောမှုတွေနဲ့
မျှော်လင့်ချက်ကို ဆေးဆိုး
တစ်ရေးနိုးအိပ်မက် မိုးမှာ
ခံစားမှုက ဂိတ်ကုန်
ဝေဒနာက သိမ့်သိမ့်တုန်နေခဲ့တယ်...။
--------------------------------------

ချစ်လွမ်းဝေ(ရွှေမျှောင်)၊ရတုသစ်၊လင်းဝေးအိမ်

   (...ခံစားချက်ပေါင်းစည်းမှု...)
    19-3-2013 (pm=9:50)

  မဇ္ဈိမလ္ဘက်ရည်ဆိုင်(မန္တလေး)

No comments:

Post a Comment